ဒီအကြောင်းကို
သိပြီးသား သူများက မဖတ်ချင်သည်များကို ကျော်သွားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ လုံးဝ
မသိသေးသူများကိုသာ ရည်ရွယ်ပြီးရေးသားထားခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုဆို Blogger
တွေ တော်တော်လေး များလာပါပြီ ။ ကျွန်တော် အပါအ၀င်ပေါ့နော်။ အဲလို အများကြီးထဲမှာ အခုမှ
စပြီး လုပ်ချင်တဲ့ သူများလည်း ပါဝင်ပါတယ်။ သိရင်တော့ အရမ်းလွယ်တဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့်
မသိသေးသူများအတွက်ကတော့ အခုထိ ခက်ခဲနေတဲ့ ကိစ္စဖြစ်နေဆဲပါ။ အဲဒါကြောင့် ဒီ စာကိုရေးဖြစ်သွားတာပါ။
Blog
လုပ်နည်း
အဆင့်(၁)
Gmail
Account မရှိသေးသူများက Account တစ်ခု အရင်လုပ်ထားပါ။ ပြီးလျှင် http://blogger.com/ သို့သွားပါ။ အောက်ကပုံအတိုင်းမြင်ရပါလိမ့်မယ်။
မိမိ မှာ ရှိပြီးသား Gamil Account နဲ့ Sign in ၀င်လိုက်ပါ။
အဆင့်(၂)
ပြီးရင်အောက်ကပုံ အတိုင်းလေးပေါ်လာပါလိမ့်မယ်။
Create a limited Blogger Profile ကို နှိပ်ပါ။
အဆင့်(၃)
Display
name မှာ မိမိ စိတ်ကြိုက် နာမည်တစ်ခုရိုက်ထည့်ပေးပါ။ ပြီးလျှင် Continute to
Blogger ကိုနှိပ်ပါ။
အဆင့်(၄)
ပြီးရင်အောက်က
လိုပုံလေးပေါ်လာပါလိမ့်မယ်။ New Blog ကိုနှိပ်လိုက်ပါ။
အဆင့်(၅)
အောက်ကပုံလိုမျိုးလေးပေါ်လာရင်
(1) မိမိ စိတ်ကြိုက်နာမည်တစ်ခုပေးလိုက်ပါ။
နာမည်တူရှိနေလျှင် Error Box တက်လာပါလိမ့်မည်။ နောက်နာမည်တစ်ခုပြောင်းပေးပါ။ သူက Blog
Title အဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
(3) မိမိ စိတ်ကြိုက် Template တစ်ခုကို
ရွေးပေးပါ။ သူမှာပါသမျှ မိမိ စိတ်ကြိုက်ရွေးလို့ရပါတယ်။ နောက်ပိုင်းမှ မိမိစိတ်ကြိုက်
Template ချိန်းနည်းကိုတင်ပေးပါမည်။
(4) အားလုံးပြီးသွားရင်တော့ Create
Blog ကိုနှိပ်ပါ။
အဆင့်(၆)
ဒီအဆင့်ကိုရောက်ရင်တော့
မိတ်ဆွေမှာ ကိုယ်ပိုင် Blog တစ်ခု ပိုင်ဆိုင်သွားပါပြီ။ မိမိစိတ်ကြိုက် Post များကို
မိမိ Blog တွင် စိတ်ကြိုက်ဖော်ပြခွင့်ရသွားပြီဖြစ်ပါတယ်။ တင်နည်း ဖျက်နည်း ကျန်သောအရာများကို
နောက်ပိုင်းတွင် ဆက်လက်ဖော်ပြပေးပါမည်။
အဆင့်(၇)
ဒီအဆင့်ကတော့
Post တင်ချင်သူများ Setting ကိုပြောင်းလဲလိုသူများ layout ပြောင်းလဲလိုသူများ အစရှိသည်များကို
ပြောင်းလဲနိုင်ရန် အကြိုဖော်ပြထားခြင်းဖြစ်ပါသည်။ အောက်ကို ဆိုဒ်နေတဲ့ Arrow လေးကို
နှိပ်ရမှာဖြစ်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့
http://မိမိပေးထားသောနာမည်.blogspot.com/
ကိုဖွင့်ကြည့်လိုက်ပါ။ သင့်ရဲ့ ကိုယ်ပိုင် Blog တစ်ခုက သင့်ကို စောင့်ကြိုနေပါလိမ့်မယ်။
အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ Pro မဟုတ်တဲ့ အတွက်လိုအပ်သည်များကို ထောက်ပြလို့ရပါသည်။
Zerosaturn …..
ဒီ post ကိုPDF File နဲ့ဒေါင်းချင်ရင်တော့ အောက်မှာဒေါင်းလိုက်ပါ။